အရည်အသွေးအာမခံမှုဆိုင်ရာနှီးနှောဖလှယ်ပွဲ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ မေလ ၁၀ရက်နေ့ နှင့် ၁၁ရက်နေ့တွင် ကျင်းပသော အရည်အသွေးအာမခံမှုဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ အောက်မြန်မာပြည်ရှိကွန်ပျူတာတက္ကသိုလ် (၁၃)ကျောင်းမှ ပါမောက္ခချုပ်များ ၊ ဒုတိယပါမောက္ခချုပ်များ ၊ ပါမောက္ခများ ၊ တွဲဖက်ပါမောက္ခ၊ ကထိက ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

ယင်းနှီးနှောဖလှယ်ပွဲ၏ ပထမရက်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်မှ  Quality Assurance Principles for Institutions ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများမှ Group Discussion များပြုလုပ်ခဲ့ကြပါသည်။

ဒုတိယရက်တွင် အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်မင်းအောင်မှ Seoul Accord ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါ်သွယ်သွယ်ဦးမှ Quality Management System  in Higher Education Institutions & Approach to IQA System ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာနွယ်နွယ်မြင့်သိန်းမှ  Information Sharing for IQA Unit of UIT ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများမှ Group Discussion များပြုလုပ်ခဲ့ကြပါသည်။

Upcoming Events

There're no item that match your search criteria. Please try again with different keywords.

Text Widget

Nullam quis risus eget urna mollis ornare vel eu leo. Nullam id dolor id nibh ultricies vehicula ut id elit. Donec ullamcorper nulla non metus auctor fringilla. Maecenas sed diam eget.

Recent News

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ပဉ္စမအကြိမ်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
October 16, 2024
မြန်မာအမျိုးသမီးများနေ့ အကြို ဆောင်းပါးပြိုင်ပွဲ
July 4, 2024
မြန်မာအမျိုးသမီးများနေ့အကြို မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်
July 4, 2024