သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန မှ ကြီးမှူးကျင်းပသော နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော ဒုတိယနှစ်သင်တန်းမှ မပြည့်မှူးရတီ နှင့် မသဲနှင်းဆု တို့သည် ကြက်တောင်ပြိုင်ပွဲ(အတွဲလိုက်-မ)တွင် ဒုတိယဆု ရရှိပါသဖြင့် မှတ်တမ်းတင်ဂုဏ်ပြုဖော်ပြအပ်ပါသည်။

