ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နှင့် Asia Pacific Tele Community (APT) တို့၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကွန်ပျုတာ ပညာရှင်အသင်းမှ ကျင်းပပြုလုပ်သည့် APT Young Professional and Students Programme “Innovative Robot” Project Competition ပြိုင်ပွဲကို (၁၁-၁၂-၂၀၂၀) နေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် Senior Level ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့သော UIT ၏ Team Underdogs မှ မောင်ကောင်းမြတ်ကျော် နှင့် မောင်မြင့်မြတ်အောင်တို့အား မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
