News

Category

09
Jan

ITPEC Award

၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ IPA နှင့် မြန်မာနိုင်ငံ MCF မှ ပူးပေါင်းကျင်းပခဲ့သော ITPEC စာမေးပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ အောက်ဖော်ပြပါ ဆု (၃)ခုကို ဆွတ်ခူးခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။  Highest Pass Rate Award (FE exam) Highest Pass Rate Award (IP exam) Highest Enrollment Award 
Read More
27
Dec

KLab Myanmar UIT

KLab Myanmar UIT မှ ၂၀၂၂-၂၀၂၃ စာသင်နှစ်တွင် ပို့ချခဲ့သော Digital Fabrication Training တွင် ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများ အဖွဲ့လိုက်ပြုလုပ်ခဲ့သည့် Microcontroller အခြေခံ Project များအား မိတ်ဆက်တင်ပြအပ်ပါသည်။ Escape Adventure!! အလုံပိတ်အခန်းတစ်ခုတွင် ပိတ်မိနေရာမှ အချိန်အကန့်အသတ်တစ်ခု အတွင်း ပဟေဠိများ အဆင့်ဆင့်စဥ်းစား အဖြေရှာပြီး လွတ်မြောက်အောင်ကြိုးစားရသည့် Escape Room Game ကို Microcontroller နည်းပညာနှင့် ပေါင်းစပ်တည်ဆောက် ထားသည့် စိတ်ဝင်စားဖွယ်ရာ Game Project တစ်ခုဖြစ်ပါသည်။ နမူနာပုံစံ Prototype မျှသာမဟုတ်ဘဲ အမှန်တကယ် ပါဝင်ကစားနိုင်သော ဝန်းကျင်တစ်ခုကို Arduino Microcontrollers၊ Sensors၊ Actuators၊ Motorများနှင့် အခြား Electronic Components...
Read More
15
Nov

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာစီစာကုံး ပြိုင်ပွဲ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးပြိုင်ပွဲ၊ “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော စာစီစာကုံးပြိုင်ပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ မအေးမြတ်သိင်္ဂီ သည် တစ်ဦးချင်း ယှဥ်ပြိုင်ရာတွင် တတိယဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာ ဖော်ပြအပ်ပါသည်။
Read More
15
Nov

ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၃ (တက္ကသိုလ်အဆင့်)

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ မောင်လင်းခန့်ကျော် သည် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၃ (တက္ကသိုလ်အဆင့်) တွင် တစ်ဦးချင်း Online မှ ယှဥ်ပြိုင်ရာတွင် နှစ်သိမ့်ဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာ ဖော်ပြအပ်ပါသည်။
Read More
15
Nov

Cyber SEA Game 2023

ထိုင်းနိုင်ငံ National Cyber Security Agency of Thailand (NCSA) နှင့် Japan International Cooperation Agency (JICA) တို့ ပူးပေါင်းဆောင်ရွက်မှုအရ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “Cyber SEA Game 2023” ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်း အနေဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ မောင်မင်းစစ်ပိုင်မှူး နှင့် မောင်ဇေယျာထက် တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွက် ဂုဏ်ယူ၀မ်းမြောက်ကြောင်း ဖော်ပြအပ်ပါသည်။
Read More
15
Nov

Myanmar Cyber Security Challenge 2023

နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၂) တွင် ကျင်းပခဲ့သော Myanmar Cyber Security Challenge 2023 ပြိုင်ပွဲ ၌ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ မောင်မင်းစစ်ပိုင်မှူး ၊ စောရော်နယ် နှင့် မောင်ဇေယျာထက် တို့သည် အဖွဲ့လိုက် ယှဥ်ပြိုင်ရာတွင် ဒုတိယဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာ ဖော်ပြအပ်ပါသည်။
Read More
15
Nov

HackAtom Team Scientific Competition in Nuclear related Fields

ရန်ကုန်နည်းပညာ တက္ကသိုလ် တွင် ကျင်းပခဲ့သော HackAtom Team Scientific Competition in Nuclear related Fields ပြိုင်ပွဲ ၌ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ မောင်မင်းသန့်ထွန်း  ပါ၀င်သောအဖွဲ့ သည် Design of an interactive application for the popularization of nuclear energy ခေါင်းစဥ် ဖြင့် အဖွဲ့လိုက် ယှဥ်ပြိုင်ရာတွင် ပထမဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာ ဖော်ပြအပ်ပါသည်။ ရန်ကုန်နည်းပညာ တက္ကသိုလ် တွင် ကျင်းပခဲ့သော HackAtom Team Scientific Competition in Nuclear related Fields ပြိုင်ပွဲ ၌ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ...
Read More
15
Nov

ASEAN Youth Dialogue 2023 Indonesia

Indonesia နိုင်ငံ Jakarta မြို့တွင် ကျင်းပခဲ့သော ASEAN Youth Dialogue 2023 Indonesia ပြိုင်ပွဲ ၌ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ မောင်မင်းသန့်ထွန်း ပါ၀င်သောအဖွဲ့ သည် The Business model canvas for Green Economy ခေါင်းစဥ် ဖြင့် အဖွဲ့လိုက် ယှဥ်ပြိုင်ရာတွင် ပထမဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာ ဖော်ပြအပ်ပါသည်။
Read More
15
Nov

နည်းပညာတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ

နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း တွင် ကျင်းပခဲ့သော နည်းပညာတက္ကသိုလ်၊ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ၌ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ စောရောနယ်၊ မောင်ဝိုင်းမော်ဦး၊ မောင်ကောင်းမင်းဆက် နှင့် မောင်ဟိန်းထက်နိုင် တို့သည် အဖွဲ့လိုက်၀င်ရောက်ယှဥ်ပြိုင်ရာတွင် ဒုတိယဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာဖော်ပြအပ်ပါသည်။
Read More
09
Nov

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို သင်တန်းများကိုဖွင့်လှစ်မည် ဖြစ်ကြောင်းကြေငြာခြင်း

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို သင်တန်းများကို  ၂၃–၁၁–၂၀၂၃ (ကြာသပတေးနေ့) တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းနှစ်များအားလုံး ၁၄-၁၁-၂၀၂၃ (အင်္ဂါနေ့) မှ စတင်၍ ကျောင်းအပ်လက်ခံမည် ဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများအားလုံး ၁၆-၁၁–၂၀၂၃ (ကြာသပတေးနေ့) မှ စတင်၍ ကျောင်းအပ်လက်ခံမည် ဖြစ်ပါသည်။
Read More
1 … 3 4 5 6 7 … 10

Text Widget

Nullam quis risus eget urna mollis ornare vel eu leo. Nullam id dolor id nibh ultricies vehicula ut id elit. Donec ullamcorper nulla non metus auctor fringilla. Maecenas sed diam eget.

Upcoming Events

There're no item that match your search criteria. Please try again with different keywords.

Recent News

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် အင်း​လေး-သဇင် ​မောင်နှမ​ဆောင် ညစာစားပွဲ
September 12, 2026
သတင်းအချက်အလက် နည်းပညာတက္ကသိုလ် အာစရိယပူဇော်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနား
September 5, 2026
IMCEITS သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း
September 4, 2026