အာလုံးပဲ မင်္ဂလာပါ။ K-Lab Member များအားလုံးကျန်းမာကြရဲ့လားဗျ။ ကျွန်တော်တို့ K-Lab Myanmar ကနေပြီးတော့ နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ Make-A-Thon ပြိုင်ပွဲကြီးကျင်းပဖို့အချိန်ပြန်လည်ရောက်ရှိလာပြီဖြစ်လို့ ဒီနှစ်မှာလဲ မကြာခင်ကျင်းပမှာဖြစ်ပါတယ်။ ဒီနှစ်အနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း ရောဂါဖြစ်ပွားနေတဲ့အတွက် အပြင်မှာကျင်းပလို့မရတဲ့အတွက်ကြောင့် Maker Idea Thon အနေနဲ့ကျင်းပမှာပဲဖြစ်ပါတယ်။
Maker Idea Thon ဆိုတာကတော့ ကျင်းပနေကျ ပွဲအတိုင်းမဟုတ်ပဲ Idea ကိုအဓိကထားပြီး ယှဥ်ပြိုင်ရမှာပဲဖြစ်ပါတယ်။ ရွေးချယ်ခံရသောအဖွဲ့များကသာ Prototype ပြုလုပ်ယှဥ် ပြိုင်ရမှာပဲဖြစ်ပါတယ်။ မိမိရဲ့ Idea ကို August 21 ရက်နေ့မှာ Online Presentation ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။ ထိုထဲမှ ရွေးချယ်ခံရသောအဖွဲ့များမှာ စက်တင်ဘာ နှင့် အောက်တိုဘာ နှစ်လတွင်း Prototype ပြုလုပ်ရမှာဖြစ်ပြီး နောက်ဆုံး Presentation ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ ဒိုင်တွေရှေ့မှာ Online Presentation ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
ပထမ၊ ဒုတိယ၊ တတိယ သုံးဆုချီးမြှင့်မှာဖြစ်ပါတယ်။
စိတ်ပါဝင်စားသူများအနေနဲ့ လာမယ့် တနင်္လာနေ့မှာ လျှောက်လွှာစတင်လက်ခံမှာဖြစ်တဲ့အတွက် အသင့် Idea လေးတွေစဥ်းစားထားကြဖို့ တိုက်တွန်းချင်ပါတယ်။ အဖွဲ့ တစ်ဖွဲ့တွင် သုံးဦီးမှငါးဦီးထိပါဝင်နိုင်ပါတယ်။ လျှောက်လွှာများကို ဇူလှိုင်လ ၆ မှ သြဂတ်လ ၉ ရက်ထိ လက်ခံသွားမှာဖြစ်ပါတယ်။
Presentation နမူနာကို အောက်ပါလင့်မှာဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။
https://drive.google.com/file/d/16ZUNGOk_R8kWfMaDh1_x-rQ5zAvpoPr4/view?usp=sharing
StayTuned
KLabMyanmarUIT