University of Information Technology

News & Announcements

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို သင်တန်းများကိုဖွင့်လှစ်မည် ဖြစ်ကြောင်းကြေငြာခြင်း

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို သင်တန်းများကို  ၂၃–၁၁–၂၀၂၃ (ကြာသပတေးနေ့) တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ သင်တန်းနှစ်များအားလုံး ၁၄-၁၁-၂၀၂၃ (အင်္ဂါနေ့) မှ စတင်၍ ကျောင်းအပ်လက်ခံမည် ဖြစ်ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ကျောင်းသူများအားလုံး ၁၆-၁၁–၂၀၂၃ (ကြာသပတေးနေ့) မှ စတင်၍ ကျောင်းအပ်လက်ခံမည် ဖြစ်ပါသည်။
Read More

မဟာကွန်ပျူတာသိပ္ပံဘွဲ့/မဟာကွန်ပျူတာနည်းပညာဘွဲ့သင်တန်းသား/သူများ ခေါ်ယူခြင်း

မဟာကွန်ပျူတာသိပ္ပံဘွဲ့ /မဟာကွန်ပျူတာနည်းပညာဘွဲ့ သင်တန်းတက်ရောက်ရန် လျှောက်ထားသူများ သည် သင်တန်း ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ (Entrance Exam) အတွက် အင်္ဂလိပ်ဘာသာ (၀၉:၀၀ နာရီ မှ ၁၁:၀၀ နာရီ) နှင့် ဘာသာရပ်ဆိုင်ရာများ (၁၃:၀၀ နာရီ မှ ၁၅:၀၀ နာရီ) ကို ၂၀-၁၁-၂၀၂၃ (တနင်္လာနေ့) တွင် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်၌ လာရောက် ဖြေဆိုကြရမည် ဖြစ်ပါသည်။
Read More
1 2 3 4 5 6 11